Tuesday, August 20, 2013

ရင်ဝှက်ပန်း

ရင်ခွင်ဆီမှ
တစ်ခုတည်းသော မြတ်နိုးမှုအတွက်
တိတ်တခိုး…………….
ရင်ခုန်မိတဲ့ နှလုံးသားတစ်စုံမှာ
နင်နဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
မြတ်နှိုးစွာ ထွေးပွေ့ရင်း
မျှော်လင့် နေခဲ့သူပါ………….

အကြင်နာတွေ ပြည်နှက်လို့
ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
မင်းကို တွေ့ တိုင်း ကပ်ငြိတတ်တဲ့
နှလုံးသားကြောင့်………

ပြောစရာ စကားဟဖို့ 
သတိမရတတ်သူပါ……………

မင်း လက်ခံမယ့်နေ့ 
မျှော်လင့်ရင်း………..
တစ်နေ့ တော့
မင်းရှေ့ အရောက်လာမှာပါ
ချစ်သူ………………………………
                                                 ဖန်းခါးမြေ 

No comments:

Post a Comment