Tuesday, August 20, 2013

မညီးညူတဲ့အချစ်

နွေအခါ  လေလာလို့ 
ကြွေလာတဲ့  ရွက်ဝါကို
မြင်လို့ ပဲဖြစ်ဖြစ် ။

မိုးအခါ  မိုးရွာလို့ 
ကျလာတဲ့ မိုးရေကို
မြင်လို့ ပဲဖြစ်ဖြစ်။

ဆောင်းအခါ မြောက်လေမှာ
ဝေ့လာတဲ့ မြူငွေ့ ကို
မြင်လိုပဲဖြစ်ဖြစ်။


နှစ်သစ် နဲ့ နှစ်ဟောင်း
ခညောင်းလို့  တိုက်ဆိုင် ခဲ့ရင်
အကြိမ်တစ်ရာ မဟုတ်တောင်
တစ်ကြိမ် တစ်ခါတော့
သတိရနေပါ...............ချစ်သူ။



                                                  ဖန်းခါးမြေ

No comments:

Post a Comment