ထီးကျန်စွာ တစ်ယောက်တည်း
လမ်းထွက်လာတဲ့ အခါ ......... ဘေးမှာ
လိပ်ပြာလေးလို. ပျံဝဲချင်တယ်
အိပ်မရလို. ပျင်းရိနေတဲ့ နေတိုင်း .......
ဘေးမှာ ငှက်က လေးတွေလို.
တေးဆိုပြချင်တယ်
ကိုယ့်နှလုံးဖျန်းပတ်ပြီး ပန်းခင်းကြီး
ဖန်ဆင်ပေးချင်တယ်
............ နဲ. တွေ.လို. ကိုယ် ရူးသွားတာလား
ကိုယ်က တော့ ရူးတယ်ဆိုလည်း
ရူးတာလေးကိုပဲ သိမ်းထားလိုက်မယ်
တကယ်ပါ အချစ်နဲ့ တွေ့ တဲ့လူတိုင်း
ဒီလိုပဲ ရင်ခုန်တက်ကြတာပဲလားလို.
မေးလိုက်ချင်တယ် .......................
ကိုယ့် ရင်ခုန်မိတာ အပြစ်လား
................ ဆိုတဲ့ မိန်းကလေး အတွေ.မှာ
.............. ဆို တဲ့ နှင်းအောင် ကရော
ဘာသားနဲ. ထုစစ်ထားလို.တုန်း
နှလုံးသွေးနဲ. တည်ဆောက်ထားတဲ့
လူးသားတစ်ယောက် ဒီတော့
လှပတဲ့ ..............
တစ်ယောက်ကို အွန်လိုင်းမှာ တွေ.ပြီး ရင်ခုန်မိတာ မဆန်းပါဘူး
ဖန်းခါးမြေ
ဖန်းခါးမြေ
နှလုံးသား သံဇဉ် ခံစားစေချင်
Tuesday, August 20, 2013
“နေတတ်ရင် ကျေနပ်စရာပါ”
နှင်းတွေ စိုလက်တဲ့ လမ်းမှာ
မလျှောက်ခဲ့ဖူးဘူး
မိုးတွေ ထစ်ချုန်းတဲ့ လမ်းမှာ
ငိုကြွေးခဲ့ဖူးတယ်
နောက်ဆုံး
နွေရာသီ ဆန်သွားခဲ့တာပဲ ...။
တစ်မိုးအောက်ပေမယ့်
ကုန်းကောက်စရာ မရှိတော့
မိုးသောက်လာတဲ့ အချိန်တိုင်း
ယာယီဖြစ်လာတဲ့ ဘ၀ကို
တိုးကြောက်လာမိတယ် ...။
မတည်မြဲခြင်းဆိုတာ
ပြိုကွဲခြင်းနဲ့
ဒွန်တွဲနေတာ သိပေမယ့်
လွန်ဆွဲခဲ့မိတာ မှားသွားလား ...။
ကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်
ဖောက်ထားတဲ့ လမ်းမှာ
ရော်နွမ်းလာရင် မျှော်တမ်းတမိတယ်
ရော်နွမ်းလာရင် မျှော်တမ်းတမိတယ်
ဒီလမ်းမှာ တွဲလျှောက်မယ့်သူ
ဘယ်ဆီမှာ ရောက်နေမလဲ ...။
တစ်ရွက်ထဲပေမယ့်
စွယ်တော်ရွက်ကို အားကျတယ်
လိုချင်တပ်မက်တာ သဘာဝဆိုလည်း
ငိုချင်ရက် လက်မတို့ကြပါနဲ့ ...။
ဘ၀မှာ နေတတ်ဖို့ဆို
ကိုယ့်ကိုကိုယ်လည်း ပျော်တော်ဆက်ရမယ်
တစ်ကိုယ်တော် ခံစားချက်တွေနဲ့
အနေတော် ပျော်ရွှင်တတ်ရမယ်
နွေလို ပူပြင်းရက်တွေမှာလည်း
လေပြေကို မျှော်လင့်တတ်ရမယ် ...။
ကဲ ... ဒါဆို
တစ်ယောက်တည်းပေမယ့်
မှောင်မဲနေတဲ့ အရိပ်ရှိသေးတယ်
အရောင်မွဲနေတဲ့ စိတ်တွေကိုလွှတ်ချ
မမြဲတဲ့ နိယာမမို့
နွေရာသီဆန်တာတောင်
နေတတ်ရင် ကျေနပ်စရာပါပဲလေ ...။
ဖန်းခါးမြေ
သူလေး..............
“အစွန့်ပစ်ခံ လရောင်နှင့်အတူ”
ညက တိတ်ဆိတ်စွာ မဲမှောင်လာပြီ
တစ်ယောက်သောသူက ရောက်မလာခဲ့ဘူး
အချိန်နာရီတွေသာ တိုက်စား
မျှော်လင့်ချက်တွေ ပါးပါးလာတယ် ...။
ဘာပြောနိုင်မှာလဲ
တမ်းတလွမ်းဆွတ်မှုဆိုတဲ့ ရနံ့ကိုမှ
ရှုရှိုက်မိသူ
အိပ်မက်တံခါးဝမှာ လရောင်ကို မျှော်ကြည့်ရုံပေါ့ ...။
ပန်းပျိုနတ်သမီးရေ
နင့် တေးသံတို့ ချိုခဲ့သောညတွေ
ရပ်တန့်ခဲ့ပြီလား
ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။
ညမွှေးပန်းတို့ မွှေးပါဧ။်
လအဆင်းလည်း လင်းပါဧ။်
ဒါပေမယ့်
နှလုံးသားက သွေးချောင်းစီးတယ်
မျှော်လင့်တမ်းတ ဒီညက အဓိပ္ပါယ်မဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲ
ဥပေက္ခာတရားရဲ့ စီရင်ချက်အတိုင်းပေါ့
ငါ ကတော့ ...
အမြဲအမြဲ ကျရှုံးခန်းဘောင်ထဲမှာပဲ
ညတွေကို စောင့်ရှောက်ရင်း
အစွန့်ပစ်ခံ လရောင်ကို အဖော်ပြုနေအုန်းမယ်.................................
ဖန်းခါးမြေ
သူလေး.......................

အရမ်းချစ်တယ်ကွာ...
ကောင်မလေးတစ်ယောက်ရှိတယ်....သူဟာကျွန်တော့်သိပ်ချစ်ရတဲ့နတ်သမီးလေးလိုလှပြီးချစ်၈ရာကောင်းတဲ့သူတစ်ယောက်ပေါ့....တိတ်တခိုးချစ်နေရတာလဲပျော်စရာ....တစ်ခါပြန်စဉ်းစားတော့လည်းစိတ်ညစ်တယ်..စိတ်ညစ်
တယ်ဆိုတာ ...တစ်ခြားလူတစ်ယောက်ကို သူ့ သံယောဇဉ်ချစ်မေတ္တာတွေကိုပေးလိုက်မှာကိုအကြောက်ဆုံးပဲ....တစ်ခါတစ်ခါမင်းပြောတဲ့
စကား ငါ့ရင်ခွင်ကိုမြင်းစုံကန်သလိုအောင့်သွားတယ်ဆိုတာမင်းသိဝူးလားကွာ....တကယ်ပြောတာပါ.....နွေးထွေးမှူတွေပေးချင်ခဲ့တယ်...
ဂရုစိုက်မှူတွေပေးချင်ခဲ့တယ် .....မင်းကိုလေယုယကျင်နာမှူတွေပေးချင်ခဲ့တယ်....မင်းကိုအရမ်းချစ်တယ်ဖြူချောလေးရာ.......
မင်းတစ်ခြားတစ်ယောက်ကိုချစ်သွားမှာ....တစ်ခြားရင်ခွင်ထဲရောက်သွားမှာငါသိပ်ကြောက်နေတယ် အချိန်တိုင်း......
ငါလေ မင်းချစ်မှချစ်ပါ့မလား ဆိုတဲ့ဇော်ပိုင်သီချင်းလေးကိုကြားတိုင်းစိတ်ထဲစိုးထိတ်ခဲ့တယ်.....ငါဟာမင်းလိုချင်တဲ့အတိုင်းတာမျိုးတော့မရှိဘူး ...ကျီးကန်းလိုအဆင်းမလှတဲ့ကောင်လေးတစ်ယောက်ပေါ့....ဒါပေမယ့်မင်းကိုစိတ်ချမ်းသာမှူတွေပေးနိုင်တယ် .....မင်းကို ထာဝရချစ်နိုင်တယ် .....မင်းကိုယုယကျင်နာမှူတွေပေးနိုင်တယ်ဆိုတာတော့ယုံပေးပါလို့ ........ခုမင်းကိုချစ်နေရတာကိုက ငါ့အတွက်အားဆေးအင်အားတစ်ခုပါ...
ဘာပဲဘယ်လိုပဲပြောပြောမင်းကို အရမ်းချစ်တယ်ကွာ
ဖန်းခါးမြေ
သူလေး..........................

“နှိုင်းယှဉ်ခြင်း ကဗျာ”
အိပ်မက်တခုလိုပါပဲ
ငါ့ဘဝက ပြသဒါးဆန်ခဲ့တယ်
ရက်ရာဇာမဲ့တဲ့ ပြက္ခဒိန်မျိုးရှိရင် ပြောကြပါ
နှိုင်းယှဉ်ချင်လွန်းလို့ပါ
(အခုတော့ကွာ) ...။
ငါဟာ ကျင်းတခု ဖြစ်ပါရဲ့
ဒါနဲ့တောင် ဝင်လာတဲ့ အရာတိုင်း
အလွယ်တကူ ပြန်ထွက်သွားနိုင်ခဲ့တယ်
ဒါဆို ငါ့ရဲ့ နက်ရှိုင်းမှု မလုံလောက်လို့ ဖြစ်မယ် ...။
ငါဟာ လေးတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် မြှားအစင်းစင်း နင်းကန်ထွက်ခွါဖို့အတွက်
ရင်အစုံကို အဟုန်လုပ်ပေးခဲ့ရတယ်
ဒါဆို ငါ့ရဲ့ ဦးညွတ်မှုများသွားလို့ ဖြစ်မယ် ...။
ငါဟာ တံခါးတစ်ချပ် ဖြစ်ပါရဲ့
ဒါနဲ့တောင် ၀င်ထွက်နေကြတဲ့ အရိပ်တွေကို
တားဆီးနိုင်ခွင့် မရှိခဲ့ဘူး
ဒါဆို ငါ့ရဲ့ လုံခြုံပေးနိုင်မှု နဲလို့ဖြစ်မယ် ...။
ငါဟာ ကောင်းကင်တစ်ခု ဖြစ်ပါရဲ့
ဒါနဲ့တောင် တိမ်မည်းတိမ်ညစ်တွေ စိုးမိုးမှုမှာ
နာကျင်စွာ ကျရှုံးခဲ့ရတယ်
ဒါဆို ငါရဲ့ အုပ်မိုးမှု ရပ်ဝန်း သေးသွားလို့ ဖြစ်မယ် ...။
ငါဟာ တံတားတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် ထမ်းပိုးခဲ့ရတဲ့ အချိန်တွေအတွက်
အိုမင်းရင့်ရော်မှုသာ ရခဲ့တယ်
ဒါဆို ငါရဲ့ ဆွေးမြေ့မှု မြန်သွားလို့ဖြစ်မယ် ...။
ငါဟာ ...........
................... ဖြစ်ပါရဲ့
ဒါနဲ့တောင်
................... ဖြစ်ခဲ့ရတယ်
ဒါဆို ငါရဲ့ အိပ်မက်တွေ မှားသွားလို့ပဲ ဖြစ်မယ် ...။

“အလွမ်းသင့် ဒီဇင်ဘာ”
မြူမှုန်တွေ ၀ပ်ဆင်း နှင်းကြွင်းစေဖို့လား
မလင်းမချင်းခဲ့တဲ့ ဒီဆောင်း
အလွမ်းတွေ ထပ်လောင်းဖြည့်ရင်တောင်
အချမ်းက ကောင်းဆဲ ...။
အမြင်ရယ် ဝေဝါး မေ့ပျောက်စေဖို့လား
သံစဉ်ရှာမရခဲ့တဲ့ စာသား
ဆောင်းလေရယ် အဝှေ့မှာတင်
အချစ်တွေ ပျောက်ဆုံးသွားခဲ့ပြီ ...။
အိုဘယ့် ဆောင်းသခင်
အချမ်းအဆင်သင့် ရင်ဖြင့်
ငါ့ရင်မြို့ရိုးတဖက်ကို
အလွမ်းမြူမှုန်အောက်က ထုတ်ပေးပါ
အတွေးအမျှင်တန်းသာ
ဒီဇင်ဘာနှင်းမှာ ကြွင်းစေချင်လို့ပါ ...။
ခုတော့ ...
နှင်းလည်းပြယ်ပြီ ဒီဇင်ဘာ
ဒီလမ်းအလယ်မှာတော့
မြောက်ပြန်လေကို ငါ အန်တုနေရတယ် ...။
ဒီလိုနဲ့ပဲ ...
မြူခိုးတွေနဲ့ ညနေခင်းက
တိတ်တဆိတ် နှုတ်ဆက်တယ်
သူတို့ ထွက်ခွာတော့မယ်လေ
ထမ်းပိုးထားတဲ့ အိပ်မက်တွေအကြောင်း
တစေ့တစောင်းတောင် ပြောခွင့်မရခဲ့ဘူး
နောက်ဆုံးတော့
ဒီ ဒီဇင်ဘာမှာ တယောက်တည်းပါပဲ ...။
ကော်ဖီ မကြိုက်တဲ့ ငါ
ဟောဒီနေ.စွဲတွေသာ.....
ငါ.ရှေ.က ကော်ဖီတစ်ခွက်ဆိုလည်း....ကောင်းသား
ဒါဆို ငါက.....ချက်ချင်းသွန်ချ....ရေပါဆေးလိုက်ဦးမှာ။
ဒါမှမဟုတ်
ငါဝါးလက်စ ကွမ်းတစ်ယာဆိုလည်း.....ကောင်းသား
ဒါဆိုငါက.......ချက်ချင်းထွေးထုတ်...ပလုတ်ပါကျင်းလိုက်ဦးမှာ။
ခုတော.
တုံ.ပြန်ခြင်းဆိုတဲ.ဝေါဟာရ........ငါအပိုင်ရရုံရှိသေး
ငဲ.ကြည်.ခြင်းဆိုတဲ.စကားလုံး......ငါသုံးတတ်ရုံရှိသေး
.....မင်းက.....
ကျောခိုင်းနှုတ်ဆက်
မပြန်လမ်းထက်ဆီမှာ.....................................................။
ဘယ်သူမှမယုံလည်း....ငါပြောမယ်
ရိုးရိုးလေးပဲ...............အထပ်ထပ်ဝန်ခံမယ်
ငါမင်းကိုလွမ်းတယ်...........................................................။
မင်းမကြားနိုင်လည်း......ငါပြောမယ်
အရုးလို.ဆိုလည်း.........ငါခံပါ.မယ်
ငါလေမင်းကိုသိပ်ချစ်တယ်.................................................။
နောင်မှရတဲ.နှောင်းနောင်တဟာ
ငါ.အတွက်တော.
မင်းထားခဲ.တဲ.ဆုလာဘ်ပမာ
( ချစ်သူရယ်)
ငါ.ရှေ.က ကောင်းကင်ကြီးထဲ....ငှက်လေးတွေပျံနေဆဲပါပဲ
ငါ.ဘ၀ရဲ.နာရီတွေလည်း.........ပုံမှန်လည်ပတ်နေဆဲပါပဲ
ဒါပေမယ်.ပေါ.ကွာ
မင်းမပါတဲ.ငါ.ဘဝ
အရင်လိုပျိုမျစ်ဆဲအလှ
ဘယ်ပြန်ရနိုင်ပါမလဲကွာ.......................................။
ဖန်းခါးမြေ
သူလေး................................

ရင်ဝှက်ပန်း
ရင်ခွင်ဆီမှ
တစ်ခုတည်းသော မြတ်နိုးမှုအတွက်
တိတ်တခိုး…………….
ရင်ခုန်မိတဲ့ နှလုံးသားတစ်စုံမှာ
နင်နဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
မြတ်နှိုးစွာ ထွေးပွေ့ရင်း
မျှော်လင့် နေခဲ့သူပါ………….
အကြင်နာတွေ ပြည်နှက်လို့
ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
မင်းကို တွေ့ တိုင်း ကပ်ငြိတတ်တဲ့
နှလုံးသားကြောင့်………
ပြောစရာ စကားဟဖို့ 
သတိမရတတ်သူပါ……………
မင်း လက်ခံမယ့်နေ့ 
မျှော်လင့်ရင်း………..
တစ်နေ့ တော့
မင်းရှေ့ အရောက်လာမှာပါ
ချစ်သူ………………………………
တစ်ခုတည်းသော မြတ်နိုးမှုအတွက်
တိတ်တခိုး…………….
ရင်ခုန်မိတဲ့ နှလုံးသားတစ်စုံမှာ
နင်နဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
မြတ်နှိုးစွာ ထွေးပွေ့ရင်း
မျှော်လင့် နေခဲ့သူပါ………….
အကြင်နာတွေ ပြည်နှက်လို့
ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
မင်းကို တွေ့ တိုင်း ကပ်ငြိတတ်တဲ့
နှလုံးသားကြောင့်………

သတိမရတတ်သူပါ……………
မင်း လက်ခံမယ့်နေ့ 
မျှော်လင့်ရင်း………..
တစ်နေ့ တော့
မင်းရှေ့ အရောက်လာမှာပါ
ချစ်သူ………………………………
ဖန်းခါးမြေ
အသဲကွဲ တဲ့ ငါ
ဘာကိုမှ
နောင်တမရချင်တော့ဘူး…
နောင်အချိန်မှာထပ်မဖြစ်ဖို့တော့
ကြိုးစားရမှာအမှန်ပေါ့….။
သုည နဲ့ မခြား တဲ့ ဘဝ

မလိုချင်လို့ ပစ်မှတော့
ဘာများထပ်ပြီး
စိတ်ညစ်နေရဦးမှာလဲ…
အကွဲကွဲအပြဲပြဲ နဲ့
ဖယိုဖရဲ အသည်းတစ်ခြမ်းကိုပဲ
လက်မှာ စွဲလို့
လှည့်ထွက်ခဲ့တယ်….
ငါရခဲ့တဲ့ ဒဏ်ရာကို ကုသဖို့အတွက်
ဆေးဆရာ အသစ်ရှာရမယ်လေ….။
တစ်ထောင့်တစ်ည ပုံပြင်တွလို
ရက်ပေါင်းများစွာ
ပြောတာမဟုတ်ပေမယ့်…
နင်ခဏလေးပြောပြခဲ့တဲ့
ပုံပြင်လေးတစ်ပုဒ်ကတော့
ငါ့နှလုံးသားတစ်ခုလုံးကို
ဖမ်းစားနိုင်ခဲ့တာပဲလေ….
နင့်ရည်ရွယ်ချက်တွေ အထမြောက်ခဲ့တာပေါ့….။
ကျေနပ်ချင်ယောင်
ဆောင်နေလိုက်တော့မယ်…
ဒဏ်ရာ
အနာမကျက်သေးလို့သာ
ရက်တွေကြာခဲ့ရတာပဲကွာ…
နင့်အတွက်နဲ့
လူးလိမ့်နေရလောက်အောင်
နင်က …
ပပဝတီမဟုတ်သလို
ငါကလည်း…
မင်းကုသ မဟုတ်ဘူးလေ……..။
စီးတော်မြင်းကတော့
မင်းနောက်ကို
အမှီလိုက်နိုင်ပါတယ်…
ငါကိုယ်တိုင်
စိတ်မရှိလို့မလိုက်တာကိုတော့
နင့်ကိုနင် ခေါင်းမထောင်နေနဲ့…။
ကိန်းတစ်လုံးကို
တင်တဲ့ ထပ်းညွှန်းက
တန်ဖိုးမြင့်စေဖို့ဖြစ်ပေမယ့်
ငါ့ဘဝ အပေါ်တင်တဲ့
အချစ်ထပ်ညွှန်းကတော့
သုည ဖြစ်နေခဲ့လို့
ဘာဆိုဘာမှ မရှိတော့ပါဘူးးးး……..။ ။
(ဒီလောက်ဆိုရင် နင်ကျေနပ်တယ် မဟုတ်လား..?)
ဖန်းခါးမြေ
ရင်တွင်းစကားစုလေးများ......
ကပိုကရိုလေးနဲ့ လှတဲ့ “ မ ”
အမူရာကတည်ငြိမ်အေးဆေး
လှပတဲ့အပြုံးလေး
သာယာလှတဲ့စကားသံ
နှလုံးသားမှာနေရာယူပြန်...
ဘယ်လိုကြည့်ကြည့်အရမ်းကိုလှ
ကျွန်တော်ချစ်ရသော “ မ ”..
ကမ္မာပြိုမှ မင်းကိုမေ့မယ်နော်........
မေ့ဖို့ ကြိုးစား မထူးခြားတာမို့ 
ကိုယ်သာမောပန်းနေမိတယ်........
လွမ်းလို့  နမ်းသော်
နမ်းရာမထင်
လွမ်းရာထင်၏
ရင်မှာတငြိငြိ ဒဏ္ဍာရီ...........
ကြွေကြပြီး မြေခသွားလည်း
လိုတရအောင် ဖြည့်ဆည်းရင်းနဲ့ 
ငါကတော့မင်းကိုချစ်သွားမှာပါ......
အလွမ်းရွက်လှေနဲ့ ရွက်လွှင့်လို့ 
ချစ်သူရှိရာဆီ
အိမ်မက်လှလှလေး
အမြဲဆက်သချင်ခဲ့တာပါ.....
ခိုးချစ်နေမိပြီ...
ကောင်မလေးတစ်ယောက်ကိုပေါ့.....မထင်မှတ်ပဲတွေ
့ဆုံခဲ့တယ်....ခင်ခဲ့တယ်...မြင်မြင်ချင်းပဲချစ်မိတယ်ဆိုတဲ့စကားခုမှပဲကျွန်တော်ယုံတော့တယ်
......သူ့ အပြုံးအောက်ကျွန်တော်ကျရှူံးခဲ့ပြီ...ကျွန်တော်သူ
့ကိုသိပ်ချစ်နေမိပြီ...ကျွန်တော်ဘယ်လိုလုပ်ရမလဲ...ဖွင့်ပြောဖို
့လဲသတ္တိမရှိခဲ့...ဖွင့်ပြောလိုက်ရင်ခုအတိုင်းအတာလေးပါပျက်စီးသွားမှာစိုးရိမ်နေတယ်....သူကျွန်တော့်ကိုရော်ပြန်ချစ်ပါ့မလား...တစ်ယောက်ထဲတွေး
ရင်မှာစိုးထိတ် ကျွန်တော်စိတ်လေးနေမိတယ်...လင်းကောင်းမြတ်ဆိုတဲ့ သီချင်းလေးအတိုင်း ချစ်ခွင့်ရချင်ပြီ...သူ့ ဆီက...
နောက်ပီး အာဇာနည်ဆိုတဲ့သီချင်းလေးလို ကျွန်တော့်အနားမှာသူ့ ကိုရှိစေချင်တယ်.....ခုဆို ကျွန်တော် နေ့ လဲဒီစိတ်......ညလဲဒီစိတ်.....အိပ်လဲဒီစိတ်......မင်းမော်ကွန်းဆိုတဲ့သီချင်းလေးလိုဖြစ်နေပြီ...ငါမေ့ လို့ မရတော့ဘူးဆိုတဲ့အတိုင်းပေါ့.....ကျွန်တော်ဘယ်လိုမှမေ့ လို့ မရတော့ဘူးး....သူ့ ပုံရိပ်လေးများကို.......သူ့ ဆီကသံယောဇဉ်အချစ်များကိုမျှော်လင့်နေသူ.........
/
သူလေး....................။

ကျွန်တော်၏ အမေ သို့ ......
ယနေ့ သည်၂၀၁၀ ခုနှစ် ၅ လပိုင်း ၉ ရက်နေ
့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ မွေးသမိခင်ကျေးဇူးရှင်တွေရဲ့ နေ
့(အမေများနေ့ )ပေါ့ဗျာ.....ကျွန်တော်လည်းကျွန်တော့်အမေကို အရမ်းသတိရ
အရမ်းလွမ်းတာပေါ့ဗျာ....ဒါပေမယ့်အမေနဲ့ ကျွန်တော်က
ပြည်ခြား..နယ်ခြားနေတယ်လေ....အမေအခုချိန်ဆို ဘာတွေလုပ်နေမလဲ....?
အမေနေများကောင်းရဲ့ လား...? ...အစစအရာအရာ အားလုံးပေါ့...သတိရ
စိုးရိမ်ပူပန်နေမိတယ်...ကျွန်တော်တို့ ဒီမှာ ...သူများတွေဆို မိမိရဲ
့မွေးသမိခင်ကျေးဇူးရှင်(အမေ) နဲ့ အပြင်မှာသွားလည်ကြ ...စားကြ...သောက်ကြနဲ
့ပျော်ရွှင်ကြည်နူးပုံများဟာ...ကျွန်တော့်ရဲ့ မျက်စိ...နား ကနေတဆင့်
စိတ်ထဲသို
့ဝင်လာကာ...ကျွန်တော်အလွန်ပင်ဝမ်းနည်းပြီး...အမေကိုအရမ်းသတိရမိတယ်ဗျာ...အမေ့ဆီကိုဖုန်းဆက်လိုက်ရင်
အမေ ခမျာ...ကိုယ့်သားဆီကဖုန်းလာတယ်ဆိုတာနဲ့ အမေ့အသံကနေ
အမေ၀မ်းသာနေတယ်ဆိုတာသိရတယ်...နောက်ပြီးကိုယ့်သားကို
ကျန်းမာရေး..အစားအသောက်...အသွားအလာ...မှာလိုက်တာများကြီးပဲဗျာ...အဲ့လို
မှာပုံ..မှာသံတွေကို ကြားရင်လေ..ကျွန်တော်အရမ်းကိုသတိရ
ဝမ်းနည်းမ်တယ်ဗျာ....ဘယ်အသက်အရွယ်ပဲ ရောက်လာပါစေ..မိဘတိုင်းဟာ သူ့ တို့ ရဲ
့မျက်လုံးစုံမှာရော...စိတ်ထဲမှာပါ ကိုယ့်သား သမီး ဟာအမြဲတမ်းပူတူးတူးလေးလို
့ပဲထင်နေတတ်ကျပါတယ်...ဘာလို့ လဲဆိုတော့ချစ်တာကိုး
ဗျ........ဒါတွေကိုကျွန်တော်မသိခဲ့ဘူး....အဝေးရောက်မှသိခဲ့တယ်...အဲ့ဒီ့အတွက်အရမ်းပဲ
နောင်တရ...၀မ်းနည်းမိတယ်ဗျာ....မိခင်တိုင်းရဲ့ ကျေးဇူးဟာ
မြင့်မိုရ်တောင်ထက်မက ကြီးမားလှသည် လူတိုင်းသိပြီးသားဖြစ်ကြမှာပါ....
ကဲဒီတော့...ယနေ့ လိုအမှတ်တရနေ့ တစ်နေ့ ဖြစ်တဲ့ ...မွေးသမိခင်ကျေးဇူးရှင်များနေ့ (အမေများနေ့ )လေးမှာ သူငယ်ချင်းတို့ လည်း မိမိရဲ့ မွေးသမိခင်ကျေးဇူးရှင်ကို အမှတ်တရလက်ဆောင်လေး နဲ့ အမှတ်တရစကားလေးများပြောကြားရင်း...မိမိငယ်စဉ်ကပြောမှားဆိုမှားများရှိခဲ့သော် ခွင့်လွှတ်ပေးရန်တောင်းဆိုပြီး...ဦးသုံးကြိမ်ချပြီး ကန်တော့ဖို့ မမေ့ကျနဲ့ အုံးနော်.......
ကျွန်တော်လည်းကျွန်တော့်အမေကို ဤယနေ့ ခေတ်ေ၇ပန်းစားနေသော Internet(အင်တာနက်) မှ
ကျွန်တော့်ရဲ့ စိတ်နှလုံးသားရှိသတိရ...အမှတ်ရ...တောင်းပန်စာလေးကို မေမေ့ဆီသို့ ပေးဖို့ လိုက်ပါတယ်နော်...
“မေမေ သားလေမေမေ့ကို အရမ်းသတိရတာပဲဗျာ....မေမေ နေကောင်းရဲ့ လားလို့ လဲအမြဲတမ်းစိတ်ပူသတိရမိတယ်...နိုင်ငံရပ်ခြားရောက်မှပဲ မိခင်ရဲ့ မေတ္တာရိပ်မည်မျှကြီးမားတယ်ဆိုတာကို ပိုမိုနားလည်လာခဲ့တယ်...မေမေ သားကိုဘယ်လောက်ချစ်တယ်ဆိုတာ သားနားလည်ပါတယ်....ဒီမှာ သူငယ်ချင်းတွေဆိုလည်း သူတို့ ရဲ့ အမေတွေနဲ့ အတူဒီနေ့ လျှောက်လည်ကြ...ပျော်ကြ..စားကြ...သောက်ကြ...တာတွေကိုမြင်ပြီး...တော့မေမေ့ကို သားလေပိုပြီးဝမ်းနည်းပြီး....အရမ်းကိုသတိရတယ် မေမေရာ....သားအရင်က ပြောမှားဆိုမှားတာတွေ...မေမေ့ကိုစိတ်ပူအောင်လုပ်ခဲ့မိတာတွေရှိခဲ့ရင်...နောက်ပြီး....၀မ်းနည်းအောင်လုပ်ခဲ့မိရင် သားကိုခွင့်လွှတ်ပါလို့  ဤ Interner (Online) ပေါ်ကနေရှိခိုးတောင်းပန် ကန်တော့လိုက်ပါတယ်နော် မေမေ...
တကယ်ဆိုသားလေ...မေမေ့ ရဲ့ ခြေစုံကို သားရဲ့ ဦးခေါင်းနဲ့ ထိပြီးကန်တော့ချင်တာပါ...ဒါပေမယ့်...မေမေနဲ့ သားနိုင်ငံရပ်ခြားနေခြင်းကြောင့် သားဒီကနေပဲကန်တော့လိုက်ပါတယ်နော်...မေမေ......
မေမေ လည်း ဒီနေ့ ဒီရက်လေးကစပြီး စိတ်၏ချမ်းသာခြင်း....ကိုယ်၏ကျန်းမာခြင်း များနဲ့ ပြည့်စုံပါစေလို့ သားဆုတောင်းပေးလိုက်ပါတယ်နော်......မေမေ....(အမေများနေ့ ) မှာပျော်ရွှင်ခြင်းများနဲ့ ပြည့်နှက်ပါစေလို့ သားဆုတောင်းလိုက်ပါတယ်နော်.....
P.S...အမေများနေ့ မှာသား မေမေ့ကိုပြောချင်တဲ့ အမှတ်တ၇ စကားလေးကတော့.....“မေမေ့ကို သားလေ အရမ်းချစ်တယ်.....မေမေ”
မွေးသမိခင်ကျေးဇူးရှင်များရဲ့ နေ့ ဖြစ်သော အမေများနေ့ မှာ ကမ္ဘာတစ်ဝှမ်းလုံး ရှိ မိခင်များလည်း စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်...........

အသဲကွဲကဗျာ
ချစ်သူရေမင်းကိုချစ်ခဲ့လို့
ကိုယ်အသဲကွဲခဲ့မယ်ဆိုရင်တောင်
မင်းကိုထာဝရချစ်နေမှာပါ
မင်းမချစ်တော့ရင်လဲ
ကိုယ့်အသဲကွခံပြီး
စွန့်လွတ်အနစ်နာခံချစ်နေမှာပါ
ဖန်းခါးမြေ
ကိုယ်အသဲကွဲခဲ့မယ်ဆိုရင်တောင်
မင်းကိုထာဝရချစ်နေမှာပါ
မင်းမချစ်တော့ရင်လဲ
ကိုယ့်အသဲကွခံပြီး
စွန့်လွတ်အနစ်နာခံချစ်နေမှာပါ
ဖန်းခါးမြေ
ချစ်သူသို့
သက်ရောက်မှုတစ်ခုရဲ့အောက်မှာ
ပီတိတွေဝေဖြာလို
့စေတနာတွေလည်းပိုခဲ့ပါပြီ
သံယောဇဉ်ဆိုတဲ့စကားလုံးနဲ့
အဓိပ္ပာယ်ဖွင့်ဆိုခဲ့မယ်ဆိုရင်
အဲဒီသံယောဇဉ်ဟာ
မင်းကိုချစ်တဲ့အချစ်တွေပဲဖြစ်မှာပါ
ခဏတာခင်မင်ခွင့်ကို
တစ်သက်တာထာဝရအစဉ်အနေနဲ့
ရင်ဘတ်ထဲမှာသိမ်းထားခွင့်ပြုမယ်ဆိုရင်
နောက်ထပ်ရင်ခုန်ခြင်းဆိုတာ
ရှိလာတော့မှာမဟုတ်ပါဘူး
တကယ်တော့ငါ့ဘ၀အတွက်
အစဉ်အမြဲမငြိုငြင်ဘဲထာဝရ
ပေးဆပ်နေတဲ့သူကတော့
ရင်ထဲမှာမွန်းကြပ်ပြီး
လွမ်းမောမှုတွေနဲ့ငေးမောနေတဲခါတိုင်း
ငါ့အတွေးထဲမှာနေရာယူထားသူက
ငါတယုတယနမ်းခဲ့ရတဲ့
ငါ့ချစ်သူပါဆိုတာ...........။ ဖန်းခါးမြေ

မျှော်လင့်ချက် မိုးတိမ်
ဘ၀တစ်ခုရဲ.
အစိတ်အပိုင်း
ဘ၀တစ်ခုမို.
ငါမျက်ရည်ကျခဲ့ဘူးတယ်
ရှေ.ဆက်မရတဲ့
ငါ့ဘ၀ အတွက်
နောက်ဆုတ်ဖို.လည်း
မဖြစ်နိုင်ဘူးလေ
စကားလုံးတောင် ကျယ်ကျယ်
မပြောရဲဘူး
မျှော်လင့်ချက်များနှင့်
ရှင်သန်နေသူကို
ရူးစေလောက်တဲ့
အရာတွေ
မထားရစ်ခဲ့ပါနဲ့ 
...................တောင်းပန်ပါတယ်
ချစ်သူ.......
ဖန်းခါးမြေ
မညီးညူတဲ့အချစ်
နွေအခါ လေလာလို့ 
ကြွေလာတဲ့ ရွက်ဝါကို
မြင်လို့ ပဲဖြစ်ဖြစ် ။
မိုးအခါ မိုးရွာလို့ 
ကျလာတဲ့ မိုးရေကို
မြင်လို့ ပဲဖြစ်ဖြစ်။
ဆောင်းအခါ မြောက်လေမှာ
ဝေ့လာတဲ့ မြူငွေ့ ကို
မြင်လိုပဲဖြစ်ဖြစ်။
နှစ်သစ် နဲ့ နှစ်ဟောင်း
ခညောင်းလို့  တိုက်ဆိုင် ခဲ့ရင်
အကြိမ်တစ်ရာ မဟုတ်တောင်
တစ်ကြိမ် တစ်ခါတော့
သတိရနေပါ...............ချစ်သူ။
ဖန်းခါးမြေ
ကြွေလာတဲ့ ရွက်ဝါကို
မြင်လို့ ပဲဖြစ်ဖြစ် ။
မိုးအခါ မိုးရွာလို့ 
ကျလာတဲ့ မိုးရေကို
မြင်လို့ ပဲဖြစ်ဖြစ်။
ဆောင်းအခါ မြောက်လေမှာ
ဝေ့လာတဲ့ မြူငွေ့ ကို
မြင်လိုပဲဖြစ်ဖြစ်။
နှစ်သစ် နဲ့ နှစ်ဟောင်း
ခညောင်းလို့  တိုက်ဆိုင် ခဲ့ရင်
အကြိမ်တစ်ရာ မဟုတ်တောင်
တစ်ကြိမ် တစ်ခါတော့
သတိရနေပါ...............ချစ်သူ။
ဖန်းခါးမြေ
Monday, August 19, 2013
ချစ်သူပေးတဲ့ အလွမ်းကဗျာ....
ချစ်သူဓာတ်ပုံလေး
ငါ့ငေးကြည်ရင်း
ဖျောက်ဖျက်လို့မရတဲ့
သူအကြောင်းတွေကို
တွေးနေမိတယ်.....
မယုံနိုင်လောက်အောင်
လွမ်းဆွတ်မှုကို
အံသြစွာ
မျိုသိပ်ထားခဲ့ရသူပါ....
ချပြခွင့်မရှိတဲ့
လွမ်းချင်းတွေကို
တမ်းတချင်း
ကဗျာတစ်ပုဒ်အဖြစ်
ငါ
ရေးသားမိနေတယ်.....
ကျေနပ်စွာနေခဲ့သူ
မဟုတ်ခဲ့ပေမဲ့
ဖြစ်သလို
နေခဲ့ရသူပါ....
လိုချင်တတ်မက်မှုထက်
စွန့်လွှတ်ချင်းသာ
ကံတရားပေးခဲ့တော့
အဖြေမရှိတဲ့
ညတွေဆို
ခလေးတစ်ယောက်လို့
ငိုရှိုက်နေမိတယ်.....
မမျှော်နေမှန်းသိပေမဲ့
မျှော်နေခဲ့သူပါ...
သတိမရမှန်းသိပေမဲ့
သတိရနေခဲ့တာပါ...
မေ့နေလောက်ပြီဆိုတာ သိပေမဲ့
မေ့မရခဲ့သူပါ....
ပြန်မလာတော့ဘူးဆိုတာ သိပေမဲ့
စောင့်နေခဲ့သူပါ...
အမှတ်တရဆိုလို
မင်းပေးခဲ့တဲ့
ဓာတ်ပုံလေးတွေသာ
ငါအနားမှာ
တယုတယ
သိမ်းထားခွင့်ရှိနေခဲ့တယ်...
အရာရာပျက်သုဉ်း ခဲ့ပြီ
ဒါပေမဲ့
နှလုံးသား မြိုဟောင်းမှာ
ချစ်သူခြေရာ လိုက်ရှာနေမိတယ်..
ကြိမ်ဖန်များစွာပါပဲဟာ.....
'' poe ''& ရယ်.................
မယုံနိုင်လောက်အောင်
လွမ်းဆွတ်မှုကို
အံသြစွာ
မျိုသိပ်ထားခဲ့ရသူပါ....
ချပြခွင့်မရှိတဲ့
လွမ်းချင်းတွေကို
တမ်းတချင်း
ကဗျာတစ်ပုဒ်အဖြစ်
ငါ
ရေးသားမိနေတယ်.....
ကျေနပ်စွာနေခဲ့သူ
မဟုတ်ခဲ့ပေမဲ့
ဖြစ်သလို
နေခဲ့ရသူပါ....
လိုချင်တတ်မက်မှုထက်
စွန့်လွှတ်ချင်းသာ
ကံတရားပေးခဲ့တော့
အဖြေမရှိတဲ့
ညတွေဆို
ခလေးတစ်ယောက်လို့
ငိုရှိုက်နေမိတယ်.....
မမျှော်နေမှန်းသိပေမဲ့
မျှော်နေခဲ့သူပါ...
သတိမရမှန်းသိပေမဲ့
သတိရနေခဲ့တာပါ...
မေ့နေလောက်ပြီဆိုတာ သိပေမဲ့
မေ့မရခဲ့သူပါ....
ပြန်မလာတော့ဘူးဆိုတာ သိပေမဲ့
စောင့်နေခဲ့သူပါ...
အမှတ်တရဆိုလို
မင်းပေးခဲ့တဲ့
ဓာတ်ပုံလေးတွေသာ
ငါအနားမှာ
တယုတယ
သိမ်းထားခွင့်ရှိနေခဲ့တယ်...
အရာရာပျက်သုဉ်း ခဲ့ပြီ
ဒါပေမဲ့
နှလုံးသား မြိုဟောင်းမှာ
ချစ်သူခြေရာ လိုက်ရှာနေမိတယ်..
ကြိမ်ဖန်များစွာပါပဲဟာ.....
'' poe ''& ရယ်.................
"လွမ်းရတဲ့အကြောင်း"
သတိရတဲ့အခါ မင်းနာမည်ကို
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။
သတိရတဲ့အခါ မင်းအတွက် ကိုယ့်အိပ်မက်တွေကို
ပန်းချီကားထဲမှာ မှော်ဆန်ဆန် ရေးဆွဲထားမယ်။
သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်။
ချစ်ခြင်းမေတ္တာဟာ အဆက်အကြောင်းတွေလိုပဲ
တစ်စနဲ့ တစ်စ ဆက်စပ်ထားရှိတယ်။
အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။

'' poe''; ရယ်.........
မငိုနဲ့တော့ ချစ်သူရေ ...
ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့
မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?
အဖြေကို ရှာမတွေ့ခင်မှာပဲ -
- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....
ဒီလိုပါပဲ ...
ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -
- ငါ့ရင်ဘက်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -
- ချစ်သူ ခမျာမှာလည်း
မိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...
မငိုပါနဲ့ ...
မငိုနဲ့တော့ ချစ်သူရေ ...
နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ .....
.......... ...... ..........
ချစ်သူကို ချော့တဲ့ ငါ့အားပေးစကားတွေက
ဘာကြောင့်များ ငိုသံတွေ စိုရွှဲနေရတာလဲ ... ?
ခလေးငယ် တစ်ယောက်ရယ် ...
မရေရာသေးတဲ့ အနာဂါတ်ကို
ခိုကိုးရာမဲ့ မျှော်ငေးနေမလား ... ?
သူမအတွက်တွေးပြီး
အကြိမ်ကြိမ်ကြေကွဲ ပါတယ် ..... ။
တစ်ခါတရံမှာ
အိုမာခရမ် နဲ့ တာရာမင်းဝေရဲ့ သဘောထားကွဲလွဲမှုလေးလို
သူမကို မြတ်နိုးခဲ့ပါတယ် .....
တစ်ခါတရံမှာတော့
အားလုံးနဲ့ သဘောထားကွဲလွဲလိုက်ချင်တယ်
အချစ် နဲ့ စစ် ဆိုတာ နှစ်ခုလုံး မတရားပါဘူး
ကိုယ့် အလှည့်ရောက်ခဲ့ရင်
အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်လိုက်မယ်
သူရဲကောင်းမဖြစ်ရင်လည်း နေပါစေ ...
အချစ်စစ်မှန်ရင်
ရွပ်ရွပ်ချွံချွံ ပဲ ပေးဆပ်လိုက်မယ် ..... ။ ။
'' poe ''& ရယ်............................

စိတ်ရဲ.အလိုကျ
တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား
ဘယ်သူမှ အတင်းအကြပ်
မစီးစေပါပဲ
တက်စီးဖြစ်သလို
ပြုတ်မကျလောက်ပါဘူး
တွေးထားပေမယ့်လဲ
ကြောက်နေတတ်ပြန်ရော
ကိုယ်ကိုင်ထားတဲ့ လက်တန်း
ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ
ဟုတ်ပါတယ်
အချစ်ကို
ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်
ချစ်မိတတ်ကြပါတယ်
ကိုယ်ချစ်တဲ့ချစ်သူကလဲ
ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်
ကြောက်စိတ်တော့် ဖြစ်နေတတ်ပြန်ရော
ဘယ်လောက်ပဲ သစ္စာတွေရှိရှိ
တစ်ချိန်ချိန်မှာ တစ်ချို့ချို့ကြောင့်ဆိုပြီး
စိတ်ပူနေတတ်ပြန်ရော
ကိုယ်ချစ်တဲ့ချစ်သူက
ကိုယ့်ကို ဘယ်သောအချိန်ထိ ချစ်နေနိုင်ပါ့မလဲလို့
မဆုံးဖြတ်နိုင်ပါဘူးလေ
ဒါပေမယ့်
သေချာပါတယ်
နောက်ထပ်လဲ ရိုလာကိုစတာကို မစီးတော့်ဘူးလို့
ဘယ်တော့မှ မတွေးမှာကိုပေါ့
poe &,ရယ်
ဖန်းခါးမြေ /
မမ သို.
ချစ်တဲ့စကားပြောခြင်ငြားလည်း
စည်းခြားဂုဏ်ငွေဝန်းရံနေလို့
ဖွင့်ချွေဆိုဖို့ခတ်ပြီမမရယ်
ဒါကြောင့်
ဝေဒနာကို ကြေငြာလှစ်ဟ
ဖွင့်ပြောပြဖို့ စာသားအချို့
ရေးပို့လိုက်ချင်တယ်
လက်ခံမလား
မမ''poe''ရယ် (ဖန်းခါးမြေ)
စည်းခြားဂုဏ်ငွေဝန်းရံနေလို့
ဖွင့်ချွေဆိုဖို့ခတ်ပြီမမရယ်
ဒါကြောင့်
ဝေဒနာကို ကြေငြာလှစ်ဟ
ဖွင့်ပြောပြဖို့ စာသားအချို့
ရေးပို့လိုက်ချင်တယ်
လက်ခံမလား
မမ''poe''ရယ် (ဖန်းခါးမြေ)
ဆေးသောက်မှားသူ
တစ်ခဏတွေ.ဆုံမူတစ်ခုကို
အိမ်မက်ထဲမှာ ထည့်ပြီး
သတိရခြင်းနဲ. ရောစပ်လိုက်တာ
သံယောဇဉ် တစ်ခု ဖြစ်သွားတယ်
အဲဒီ သံယောဇဉ် ကို ဓာတ်ခွဲခန်းမှာ
အထပ်ထပ် စစ်ဆေး ကြည့်လိုက်တော့
စွမ်းအင်တွေ အပြည့်နဲ.
အချစ်ဆို တဲ့ အားဆေး ဖြစ်သွားတယ်
ထို အားဆေးကို တိတ်တဆိတ်မျိုချမိတဲ့ ကျွန်တော်
အခု ညည
အိပ်မရတော့ဘူးသိလား ……..honey, ''poe''

လေလွင့်ငှက်
လူတွေရဲ့စိတ်နဲ့
တွေဝေတဲ့အတိတ်
ဒဏ်ရာနိမိတ်တွေရှိခဲ့ဖူးတယ်...
လူတစ်ချို့အပြုံးကြောင့်
အရှုံးတွေလည်း ရခဲ့ဖူးတယ်...
လူတစ်ချို့အမုန်းနဲ့လည်း
ငါ...
အိမ်မက်တွေအရည်ပျော်ခဲ့ရဖူးတယ်...
ထားပါတော့...
အိမ်မက်တွေရှေ့ဆက်ခွင့်မရခင်
အိမ်မက်တွေရှေ့ဆက်ခွင့်မရခင်
ငါ....ဒဏ်ရာပြင်းပြင်းရခဲ့တယ်
အတောင်ပဲ့တဲ့
လေလွင့်ငှက်လိုပေါ့......ဖန်းခါးမြေ
အမေ့ကို တမ်းတခြင်း
အမေ့ဂုဏ်ကို
သတိရတိုင်း မျက်ရည်ဝိုင်း ခဲ့
အမေ့ရဲ့မျက်နှာ မမြင်ရှာပြီ
ရေကြည်လည်း ခန်း (ခမ်း)
သတိရတိုင်း မျက်ရည်ဝိုင်း ခဲ့
အမေ့ရဲ့မျက်နှာ မမြင်ရှာပြီ
ရေကြည်လည်း ခန်း (ခမ်း)
လ၀န်းလည်း ကွယ်
အားလည်း ငယ်မိ
ကျန်ရှိသား
ဆိုအားလည်း ငယ်မိ
ကုသိုလ်ကောင်း မူ ပြုသည့် ခါတိုင်း
မာတာ အမေ ရောက်လေဘဝ
ဘုံဌာနမှ ကုသိုလ်အမျှ
ပေးဝေ (ငှ )သည်
ကောင်း ရာဘ၀ ရောက်စေသော် ဖန်းခါးမြေ
ယုံကြည်ခြင်းရဲ့ အခြားတစ်ဖက်
ယုံကြည်ပါလို.
တိုင်တည်ပြီး ငါမပြောချင်ဘူး
ရင်ခုန်သံတွေ ထပ်တူမကျသရွေ.တော့
တို. ..........ဝေးနေရဦးမှာပဲ
မျှော်လင့်ချက်တွေ တပွေ.တစ်ပိုက်နဲ.
မက်လိုက်တဲ့ အိမ်မက်တိုင်း
နင်စိုးမိုးလွန်းတော့ ငါရူးရပြီ..........ချစ်သူ
အပြစ်မြင်တာမဟုတ်ဘူး
ချစ်ခြင်းကို ကဗျာ စပ်ပြခဲ့တာပါ
အနက်ရှိုင်းဆုံးစကားလုံး
အနှိုင်းမဲ့ သံစဉ်တွေနဲ.
ရင်ခွင်တံခါးမှာ တေးသီခွင်ပေးရင်
ကျေးဇူးဆိုတဲ့ စကား
နားများခါးသွားမလား...................ချစ်သူ

စိုးရိမ်ခြင်းနောက်ဆက်တွဲ
အချစ်တွေကို
ရိုးသားစွာ ဖွင့်ဟ ပြောဆိုပြီးကာမှ
တစ်ခဏလေးတောင် လွမ်းရမှာကို
ကြောက်တယ်
အလွမ်းတွေနဲ အတူထာဝစဉ်
ပျော်ရွင်ပြီးကာမှအတ္တတွေ
အရောင် စိမ်းစိမ်း ဖုံးလွမ်းသွားမှာကိုလည်း
ကြောက်တယ်………..
အဆွေးတွေကို ပေးဆက်ခံစားနေရင်
အပြစ်မဲ့စွာ ရက်စက်သွားမှာကိုလည်း
ကြောက်တယ်……………..
ပစ္စုန်ကို အလေးမထား
အနာဂတ်ကိုလည်းမေ့ပျောက်
ဝဋ်ကြွေး ကံကြမ္မာ အနိုင်ယူတာကြောင့်
သံသရာတကွေ့  မှာ ပြန်လည်ဆုံဆည်းရမှာကို
ကြောက်တယ်…………..

ပြေးလမ်း
Facebook မှာ
မန္တလေးနန်းမြို့ ကြီး
ဘွားခနဲ့  ပေါ်လာတော့
ငါဟာ ကျင်စက်နဲ့ တို့ ခံလိုက်ရသလို
ခုန်ထလိုက်ရ...
(သြော်...မန္တလေး..မန္တလေး...)
မန္တလေးဟာ ငါ့ဆီကို
ဒရောသောပါး ပြေးအလာ
ဟေ့...ရပ်
ဦးပိန်တံတားလည်းရပ်၊
ရန်ကင်းတောင်လည်းရပ်၊
ဘုရားကြီးလည်းရပ်၊
အတုမရှိကျောင်းလည်းရပ်၊
ဟေ့...ရပ်
ရတနာပုံလည်းရပ်၊
ဝင်းလိုက်လည်းရပ်၊
ရွှေခြေချင်းနဲ့ ကောင်မလေးလည်းရပ်၊
မြင်းလှည်းလည်းရပ်၊
ဟေ့...ရပ်
ဆရာတင်လည်းရပ်၊
ရွှေဥဒေါင်းလည်းရပ်၊
ပါတော်မူလည်းရပ်၊
ဆိုင်ကယ်လည်းရပ်၊
ဟေ့...ရပ်
တောင်သမန်လည်းရပ်၊
ဂေါဝန်လည်းရပ်၊
မစိုးရိမ်လည်းရပ်၊
ပုရစ်ကြော်လည်းရပ်၊
ဟေ့...ရပ်
မန္တလေးတောင်လည်းရပ်၊
လောကမာရဇိန်လည်းရပ်၊
ခြင်္သေ့နှစ်ကောင်လည်းရပ်၊
စက်ဘီးလည်းရပ်၊
ရပ်...ရပ်...ရပ်..
မလာကြနဲ့ ....
မလာကြပါနဲ့ ...
အတိတ်ဟာ
ငါ့ကို နက်သထက်နက်အောင်
တူးဆွတက်လို့ ပါကွယ်။
Saturday, August 17, 2013
Subscribe to:
Posts (Atom)